မိတ်ဆွေရဲ့လိုအပ်ချက်များကို အခမဲ့ အကောင်းဆုံး ကြိုးစားဖြည့်ဆည်းပေးနေပါပြီ..... ဆိုဒ်ထဲတွင် Blogger တစ်ဦးအဖြစ်ဝင်ရောက်ရေးသားလိုခြင်း (သို့) အခက်အခဲ တစ်စုံ တစ်ရာရှိက 09-789451651 ကိုဆက်သွယ်မေးမြန်းနိုင်ပါပြီ

မင်္ဂလာပါ

Logo Design by FlamingText.com
ပြု ပြင်ဆဲ ကာလ ဖြစ်ပါကြောင်း ကြိုတင် ပန်ကြားအပ်ပါသည် Logo Design by FlamingText.com


CD-DVD ခွေကူး/ထည့်နည်း



CD-DVD ခွေကူး/ထည့်နည်း

 CD\DVD Drive ထဲကို ကော်ပီလုပ်လိုသော CD\DVD
ပထမဦးဆုံး CD\DVD Drive ထဲကို ကော်ပီလုပ်လိုသော CD\DVD ခွေကိုထည့်လိုက်ပါ။ ပြီးရင် Nero ကိုဖွင့်လိုက်ပါ။


Image, Project, Copy >Copy Entire CD ကိုရွေးလိုက်ပါ။



write speed > ထုံးစံအတိုင်း 16x ပဲပေါ့။ Number of copies > ၁ ခွေပဲဆိုတော့ 1. ပြီးရင် Copy ကိုပေးလိုက်ပါ။ ကော်ပီလုပ်လို့ပြီးသွားရင် ခွေထွက်လာပါလိမ့်မယ်။ အခွေလွတ်တစ်ခွေ ထည့်လိုက်ပါ။ အလိုအလျောက် Burn သွားပါလိမ့်မယ်။




ISO ဖိုင်နဲ့ရပြီးသားကို CD/DVD Burn တာကတော့
ISO ဖိုင်နဲ့ရပြီးသားကို CD/DVD Burn တာကတော့ CD/DVD ကို Drive ထဲထည့်လိုက်ပါ။ ပြီးရင် အဲဒီ ISO ဖိုင်ကို Double Click ပေးလိုက်ပါ။ အဲဒါဆိုရင်တော့ အောက်မှာပြထားတဲ့ ပုံအတိုင်းတွေ့ရပါလိမ့်မယ်။



Write Speed မှာကျွန်တော်တို့ကတော့ 16x နဲ့ထားပါတယ်။ ဘာလို့ထားလည်း ဆိုတော့ speed မြန်ရင် ဖိုင်အစုံပါမလာမှာ စိုးလို့ပါပဲ။ အဲဒါရွေးပြီးသွားရင် Number of copies မှာ ခွေအရေအတွက်ကို ထည့်ပါ။ ပြီးရင် Burn ကိုနှိပ်လိုက်ပါ။ ဒီလောက်ဆိုရမယ် ထင်ပါတယ်။



ISO ဖိုင်နဲ့မပေးထားတဲ့ ဖိုင်တွေကြတော့ကော ဘယ်လို Burn မလဲဗျာ။ အဲဒါလည်း လွယ်ပါတယ်။ UltraISO တော့ရှိဖို့လိုတယ်။


UltraISO ကိုဖွင့်လိုက်ပါ။ Local ကနေပြီးတော့ အလိုရှိသော ဖိုင်ကိုရွေးလိုက်ပါ။ ရွေးလိုက်ရင် ဘေးက Box ထဲမှာပေါ်လာပါလိမ့်မယ်။ Select All(Ctrl+A)>Add အဲဒါဆိုရင် ပေါ်က Box ထဲရောက်သွားပါလိမ့်မယ်။ ပြီးရင် Select All(Ctrl+A) ပေးပြီး ပုံမှာပြထားသော Burn CD/DVD Image ကိုနှိပ်လိုက်ပါ။



Write Speed မှာကြိုက်တာရွေးလိုက်ပါ။ ကျွန်တော်ကတော့ 16x ပေါ့ဗျာ။ ရွေးပြီးသွားရင် Burn ကိုနှိပ်လိုက်ပါ။

boot CD burn ချင်လို့ပါ

ကျွန်တော်တစ်ဆင့်ချင်းလုပ်ပြပေးပါ့မယ်။ ပထမဆုံး nero start smart ထဲဝင်။ Data Burning tab ကို click။



မိမိ နှစ်သက်ရာ Disc name ပေးပါ။ file များကို ပေါင်းထည့်ရန် add button ကို click ပါ။





ကျွန်တော် အခု Hard Disk Manager 2008 ကို burn မှာပါ။ အဲဒီ folder ကိုလိုက်ရှာပါတယ်။ တွေ့ရင်သူကို select လုပ်ပြီး open button ကို click မပေးပါနဲ့။ ဒီလိုလုပ်လိုက်ရင် boot CD ဖြစ်မလာတော့ပါဘူး။





ဒါကြောင့်ကျွန်တော် အဲဒီ Hard Disk Manager 2008 folder ထဲထပ်ဝင်လိုက်ပါတယ်။ တွေ့တဲ့ files and folders အားလုံးကို select လုပ်ပါ။ hidden files များရှိနေနိုင်သည့်အတွက် သူတို့ပါ ပါရန် CTRL+A ပေးတာ ပိုကောင်းပါတယ်။
ပြီးရင် OK ပေါ့။ နောက်ထပ် files ထပ်ဖြည့်ဖို့ တောင်းရင် cancel button နှိပ်ပေးလိုက်ပါ။





burn button ကိုနှိပ်ပြီး ကူးရုံပါဘဲ။





ဒါဆိုရင် bootable CD တစ်ချပ်ရပါပြီ။


No comments :

Post a Comment